ဝက်ခြံအမာရွတ်တွေကို လျော့ပါးသွားစေမယ့် အစားအစာတွေ
ဝက်ခြံပေါက်လို့ စိတ်ညစ်နေလား။ ဝက်ခြံပေါက်ပြီးသွားရင်လည်း အမာရွတ်တွေ ကျန်နေလို့ စိတ်ပျက်နေလား။ ကျွန်မတို့ခန္ဓာကိုယ်က ဝက်ခြံကြောင့် ပျက်စီးတဲ့အသားရေကို ပြန်လည်ကောင်းမွန်လာအောင်နဲ့ Collagen ထုတ်လွှတ်လာအောင် လုပ်ဆောင်ပေဖို့ ကြိုးစားနေရတာပါ။ ကျွန်မတို့ရဲ့ခန္ဓာကိုယ်က Collagen ဓာတ်ထုတ်တာနည်းရင် ဝက်ခြံအမာရွတ်တွေပေါ်လာနိုင်ပါတယ်။ ဝက်ခြံအမာရွတ်ကို လျော့ပါးသွားစေနိုင်မယ့် နည်းလမ်းတွေကို အလှအပရေးရာကျွမ်းကျင်ပညာရှင်တွေက ရှာတွေ့ထားကြပါတယ်။ သဘာဝကျကျနဲ့ အလွယ်ကူဆုံးလုပ်လို့ရတဲ့ နည်းတစ်နည်းကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားပေးဖို့ပါပဲ။ တချို့အစားအစာတွေက ဝက်ခြံအမာရွတ်တွေကို လျော့ပါးသွားစေနိုင်ပါတယ်။ အဲဒီအစားအစာတွေကတော့ ဖရုံသီး ဖရုံသီးက နီယာစင် (Niacin)၊ ဖော်လစ်၊ ဗီတာမင် အေ၊ ဘီနဲ့ ဇင့်စ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ နီယာစင်နဲ့ဖော်လစ်က သွေးလည်ပတ်မှုကို ကောင်းစေတယ်။ ဆဲလ်တွေကို အသစ်ဖြစ်လာစေပါတယ်။ ဝက်ခြံကုသတဲ့နေရာမှာလည်း ထိရောက်မှုရှီပါတယ်။ ဖရုံစေ့က ဟော်မုန်းပမာဏနဲ့ အဆီဓာတ်ထုတ်လုပ်မှုကို ထိန်းပေးတဲ့၊ အသားရေကို ကုသပေးတဲ့ ဇင့်စ်ဓာတ်ပါဝင်ပါတယ်။ ဗီတာမင် အေက ဝက်ခြံအမာရွတ်ကို လျော့ပါးသွားအောင် ကူညီပေးနိ